Stylish Ethno: ကျောင်းသူလေးများ၏ ဖန်တီးမှုများ (၅)
Stylish Ethno
Thursday, May 24, 2007
ကျောင်းသူလေးများ၏ ဖန်တီးမှုများ (၅)
Designer-ဟေမာန်ဖူး

ဖက်ရှင်လောကသို့စတင်ဝင်ရောက်သည့်ခုနှစ်-2006

လိပ်စာ- ၄(G)၊ အင်းယားမြိုင်လမ်းသွယ်၊ ရွှေတောင်ကြား(၂) ရပ်ကွက်၊ ဗဟန်း။

အသုံးပြုထားသော အရောင်အသွေး
-Bright Color ထဲမှ Yellow နှင့် Lime Green ကိုအသုံးပြုထားပြီး အောက်ခံအရောင်ကို Primary Color (၃) ရောင်မှ Yellow ကိုသုံးထားပါတယ်။ ပုဝါကိုတော့ Tertiary Colors (၆) မျိုးထဲမှ Lime Green ကိုသုံးထားပါတယ်။

အသုံးပြုထားသော Color Wheel
-Bright Color

စိတ်ကူး- အာလာဒင် မီးခွက်စောင့်ရဲ့ ရှေးကျတဲ့ ဘောင်းဘီပုံကို အခုခေတ်နဲ့ လိုက်ဖက်စေမယ့်ပုံနဲ့ စဉ်းစားချုပ်လုပ်ထားပါတယ်။ မိန်းကလေး ဖြစ်တဲ့ အတွက်ခြေသလုံး အလှပေါ်လွင်ဖို့ Short Dress ပုံများချုပ်ထားပါတယ်။ အပေါ်ဖက် ရင်စည်းပတ်လည် ခါးစည်းနှင့် ဒူးအထက်နား အစည်းတို့ အပေါ်မှာ .... Yellow Crystal တွေနဲ့ Sequence ထိုးထားပါတယ်..။ အလင်းအားပါဝင်မှု (Lightness) နဲ့တောက်ပမှု (Brightness) ရှိတဲ့ အ၀ါရဲ့ တန်ဖိုးမကျသွားဖို့ Sequence ကို...Lime Green မသုံးဘဲ... အ၀ါပြန်သုံးထားတာ ဖြစ်ပါတယ်။

ချုပ်လုပ်ပြီးစီးရန်ကြာချိန်
-တစ်ပတ်

အသုံးပြုထားသောပိတ်သား
-ချည်ဆွဲသား

Model-ခင်မိုးဇာ

Hair-ခင်သီတာ (Reiju Tokyo)

Make Up- သဲသဲ (Fujiko Beauty Center)
posted by YukikoKyi @ 10:10 AM  
2 Comments:
  • At September 8, 2007 at 3:16 AM, Blogger madyjune said…

    အကျီပုံစံလေးကလဲ လှသလို မော်ဒယ်ကလဲ အရမ်းကို ချစ်ဖို့ကောင်းပါတယ်။ ဒါပေမယ့် မဒီ့အနေနဲ့ဆိုရင်တော့ ဒါမျိုးကို မ၀တ်ရဲပါဘူး။ အရောင်လေးကိုတော့ သဘောကျပါတယ်။

    တစ်ခု အကြံဥာဏ်ပေးလိုတာက ဓါတ်ပုံတွေကို ဖိုင်ဆိုဒ်ချုံ့ပြီး တင်စေလိုပါတယ်။ ပုံကြီးကို clickလုပ်ပြီးတော့ ကြည့်တော့ ဓါတ်ပုံက ဆိုဒ်တော်တော်ကြီးတာကို တွေ့ရတယ်။ မိမိကြိုက်တဲ့ပုံကို ဆိုဒ်ကြီးကြီးနဲ့ ရတဲ့အတွက် ၀မ်းသာမိပေမယ့် မိမိတင်ထားတဲ့ ဓါတ်ပုံကိုတော့ သူများတွေ အလွယ်တကူ အသုံးပြုလို့မရအာင် လုပ်ထားသင့်တယ်လို့ ထင်ပါတယ်။

     
  • At March 25, 2009 at 6:07 AM, Blogger MANORHARY said…

    မယုကီ..ခင်မိုးဇာပုံလေး တချို့လူတွေကူးပြီးရသွားလို့
    မဟုတ်တဲ့နေရာတွေမှာသုံးတာတွေ့ရတယ်။

     
Post a Comment
<< Home
 
About Me

Name: YukikoKyi
Home: Yangon, Myanmar (Burma)
About Me:
See my complete profile
Previous Post
Archives

StylishEthno-ဇာတိမျိုးနွယ်စုတို့၏ရိုးရာအထည်စ တို့ဖြင့်ခေတ်မှီသောပုံစ့ဖန်တီးရယူခြင်း

Links
Powered by

Free Blogger Templates

BLOGGER

Opinions!!