Stylish Ethno
Stylish Ethno
Thursday, December 6, 2007
Su Shunn Lei Style



Photo Sharing and Video Hosting at Photobucket

Photo Sharing and Video Hosting at Photobucket

Photo Sharing and Video Hosting at Photobucket

Photo Sharing and Video Hosting at Photobucket
posted by YukikoKyi @ 6:47 PM   0 comments
Thursday, September 27, 2007
ဒီလအတွက် အလှစာမျက်နှာ
ဒီလ ဒီဇိုင်း ထုတ်လုပ်ချုပ်ထားတာကတော့ ချင်းလူမျိုး တို့ရဲ့ ရိုးရာအထည်ပဲဖြစ်ပါတယ်။ အောက်ခြေအနားမှာ ငွေမှင်ရောင်ကြိုးတွေနဲ့ ယက်လုပ်ထားတဲ့အထည်ကို ချုပ်လုပ်ဖို့ စဉ်းစားတဲ့အခါ ရိုးရိုးရှင်းရှင်းလေးပေမဲ့ ဆွဲဆောင်မှုရှိတဲ့ အထည်မျိုးချုပ်လုပ်ဖို့ စိတ်ကူးပါတယ်။ အသေအချာကြည့်ရင် အင်္ကျီမှာ ခါးဒေါက်၊ ဘေးဒေါက်၊ နောက်ဒေါက်တွေ လုံးဝမပါစေပဲ အထွက်အ၀င်များမှန်ပြီး Fit ဖြစ်နေအောင်ချုပ်ထားတာ တွေ့ရမှာဖြစ်ပါတယ်။ ဒီလိုဖြစ်လာအောင် စက္ကူပေါ်မှာ Pattern ဆွဲတဲ့အချိန်ကတည်းက စဉ်းစားအားစိုက် ထုတ်ပြီး ညှပ်ရပါတယ်။ တစ်ခြမ်းစောင်းဖြစ်နေတဲ့အတွက်လည်း ရင်နေရာမှာ ကွာမသွားအောင် ချုပ်လုပ်ထားရပါတယ်။ Pattern ကိုအသေအချာစဉ်းစားပြီး ချုပ်လုပ်ရတဲ့ အထည်တစ်ခုဟာ Fitting ပြန်လာဝတ်စရာမလိုအောင် တစ်ခါတည်းဝတ်၊ တစ်ခါတည်း ဓါတ်ပုံရိုက်နိုင်ခဲ့ပါတယ်။ ချင်းလူမျိုးစုတို့ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အထည်တစ်စကို ပညာသားပါစွာ ချုပ်လုပ်နိုင်ခဲ့ပြီး ရိုးရိုးယဉ်ယဉ်ပေမဲ့ Elegant ဖြစ်နေတဲ့အတွက် Party အသွားမှာဝတ်ဆင်နိုင်မယ့် အင်္ကျီတစ်ထည်ကိုဖြင့် Blog ဖတ်သူများ ကျေနပ်နိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။


Fashion Designer- Yukiko Kyi
Brand Name- Stylish Ethno
Model-Yamin Aung
Hair & Make Up- Yukiko Kyi (Fujiko Beauty Center)
Photo Studio-Forever Wedding Dress & Photo Studio
Accessories- Exclusive Fashion Shop
posted by YukikoKyi @ 7:46 AM   1 comments
Thursday, September 13, 2007
ဂျိမ်းဖောမြေမှ အလှတရား...

ဂျိမ်းဖောစကားထဲမှ ခခူးဂျိမ်းဖောစကားမှာ မေခ၊မေလိခ မြစ်ညာအရပ်တွင် ပြောဆိုသုံးနှုန်းသော စကားဖြစ်သည်။ ခခူးဟူသောဝေါဟာရ၏ အဓိပ္ပါယ်မှာ မြစ်ညာအရပ်ဟူ၍ဖြစ်သည်။ မေခနှင့်မေလိခတို့ပေါင်းစည်းရာမှ ဖြစ်ပေါ်လာသော ဧရာဝတီမြစ်ကြီး၏ မြစ်ဖျားခံရာအစ ကိုဖော်ညွှန်းနေသလိုပါပင်။ ကျွန်မကိုယ်တိုင် ကချင်ပြည်နယ်ရောက်စဉ်က အလွန်ကိုနှစ်သက်သောနေရာတစ်ခုဆိုလည်း မမှားပါ။

ယခုတစ်လအတွက် ရွေးချယ်ထားသော ပိတ်စမှာကချင်လူမျိုးတို့၏ပွဲတော်များတွင် အသုံးပြုသောအစတော့မဟုတ်ပါ။ ခေတ်ပေါ်ဒီဇိုင်းအစများထဲမှ အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ ရိုးရာအစတွင် အသုံးပြုသောအနီနှင့် အနက်တို့မှခွဲထွက်သော အရောင်တွေထဲမှာမှ အစိမ်းသွေးပါသောပိတ်စကို ရွေးချယ်ဖြစ်ပါသည်။ ခေတ်လူငယ်တို့၏ အကြိုက်ရင်နှင့်ကျောဖက်တွင် အတွန့်လေးများထည့်ခြင်းဖြင့်၎င်း၊စကပ်ကို တင်အောက်ပိုင်းပို၍ကားသည့်အသွင် ဖြစ်အောင် ချုပ်လုပ်ထားပါသည်။

ပြည်သူချစ်နိုင်ငံကျော်တေးသံရှင် ရေဗက္က၀င်းအတွက်ချုပ်လုပ်ရမည်ဖြစ်သောအခါ ကျွန်မသူ့အတွက်ကာလာကို ရေညှိစိမ်းအရောင်ကို ရွေးချယ်ဖြစ်ပါသည်။ ဤငြိမ်သော color သည် သူမအတွက် ငြိမ်၍ညှို့အားပြင်းသော ဆွဲဆောင်မှုရှိသော အသွင်ကိုဖြစ်စေမည်ဟုထင်သောကြောင့်ဖြစ်ပါသည်။ မိတ်ကပ်နှင့်ဆံပင်ကိုလည်း မြင်နေကျထဲမှ အနည်းငယ်ကွဲအောင်ပြင်ဆင်ထားပါသည်။ သူမကိုကြည့်နေရင်း ကျွန်မတစ်ချိန်က ရောက်ရှိခဲ့ပြီးနှစ်သက်ခဲ့သော ဧရာဝတီမြစ်၏ မြစ်ဖျားခံရာတစ်နေရာ ဤသဘာဝ တောတောင်အလှနှင့် စိမ်းညှို့ရောင်ကျောက်တုံးကျောက်ခဲများကြားမှ အလွန်လှသော မင်းသမီးလေးပါလားဟု စိတ်ထဲထင်မိပါသည်။

ကချင်ပြည်နယ်၏ တောတောင်ရေမြေသဘာဝအလှနှင့် အရောင်များသည် ကျွန်မ၏စိတ်ကို အစဉ်လွှမ်းမိုးနေဦးမည်ဟု ထင်မိပါသည်။ ဆက်၍ ဆက်၍တိုင်းရင်းသားမျိုးနွယ်စုတို့၏ ယက်ထည်စများကို နိုင်ငံတကာ မြင်ကွင်းအကြား ချပြလက်ခံနိုင်အောင် ကြိုးစားသွားပါဦးမည်။


ယူကီကိုကြည်
posted by YukikoKyi @ 2:44 AM   0 comments
Friday, August 10, 2007
ငွေတောင်ပြည် မှ အလှ
ရိုးရာပုံပြင်ဖြစ်သည့် ငွေတောင်ဘုရင်၏ သမီးတော် ဒွေးမယ်နော်မင်းသမီး ငွေတောင်ပြည် ပြန်ခန်းသည် ကယားလူမျိုးတို့ ကပေးသော လူတကာစွဲလမ်းရသည့် ဇာတ်လမ်းလေးဖြစ်ပါသည်။ ယခုလမိုးဥတုအေးအေး လေးမှာ ကယားလူမျိုးတို့အလေးထားသော ရိုးရာအရောင်များ အဓိကပါဝင်သည့် ပိတ်စဖြင့် skirt ချုပ်လုပ်ကာ အနွေးဓာတ်ပေးမည့် Jacket နှင့်တွဲပြီး ဆင်ယင်ထားပါသည်။ Model သျှား၏ မရိုးသောအလှက အင်္ကျီ၏ အလှကို ပိုပြီး အသက်ဝင်သွားစေပါတယ်။


Fashion Designer-Yukiko Kyi
Brand Name- Stylish Ethno
Model-Sharr
Hair& Makeup- Ma Aye (Fujiko Beauty Center)
Photo Studio- Forever Wedding Dress & Photo Studioa

posted by YukikoKyi @ 1:04 AM   0 comments
Tuesday, July 10, 2007
ဖားစည်ဒေသ မှ ဖက်ရှင်

ဒီတစ်လ ပုံဖော်ဖြစ်တာကတော့ ပိုးကရင်ရိုးရာ ထည်ကိုပါ။ သဘာဝတောတောင်ရှူခင်းတွေ သာယာပြီး ဖားစည်သံတွေကြားနေရတဲ့ နေရာတစ်ခုကနေ စည်းမျဉ်းကန့်သတ်ချက်တွေမရှိတဲ့ အင်္ကျီတစ်ထည် မွေးဖွား လာပါတယ်။ ရှို (ပိုး) ကရင်တို့ဟာ မိမိတို့ ကိုယ်ကို “ဖ္လုံ” လို့ခေါ်ဆိုပါတယ်။ အဓိပ္ပါယ်ကတော့ လူဟူသော မြန်မာဘာသာအနက်ကို ဆောင်ပါတယ်။ ချစ်စရာကောင်းတဲ့ ဝေါဟာရ ဖြစ်ပါတယ်။ Model ၀ါဆိုရဲ့ ထူးခြားတဲ့ အလှက အင်္ကျီကို ပိုပြီးပေါ်လွင်သွားစေပါတယ်။

Fashion Designer-Yukiko Kyi
Brand Name-Stylish Ethno
Model-Waso
Hair&Makeup-Ma Aye (Fujiko Beauty Center)
Photo Studio- Forever Wedding Dress & Photo Studio


July Idea Magazine Issue
posted by YukikoKyi @ 1:23 AM   0 comments
Friday, July 6, 2007

posted by YukikoKyi @ 1:06 AM   0 comments
Thursday, May 24, 2007
ကျောင်းသူလေးများ၏ ဖန်တီးမှုများ (၅)
Designer-ဟေမာန်ဖူး

ဖက်ရှင်လောကသို့စတင်ဝင်ရောက်သည့်ခုနှစ်-2006

လိပ်စာ- ၄(G)၊ အင်းယားမြိုင်လမ်းသွယ်၊ ရွှေတောင်ကြား(၂) ရပ်ကွက်၊ ဗဟန်း။

အသုံးပြုထားသော အရောင်အသွေး
-Bright Color ထဲမှ Yellow နှင့် Lime Green ကိုအသုံးပြုထားပြီး အောက်ခံအရောင်ကို Primary Color (၃) ရောင်မှ Yellow ကိုသုံးထားပါတယ်။ ပုဝါကိုတော့ Tertiary Colors (၆) မျိုးထဲမှ Lime Green ကိုသုံးထားပါတယ်။

အသုံးပြုထားသော Color Wheel
-Bright Color

စိတ်ကူး- အာလာဒင် မီးခွက်စောင့်ရဲ့ ရှေးကျတဲ့ ဘောင်းဘီပုံကို အခုခေတ်နဲ့ လိုက်ဖက်စေမယ့်ပုံနဲ့ စဉ်းစားချုပ်လုပ်ထားပါတယ်။ မိန်းကလေး ဖြစ်တဲ့ အတွက်ခြေသလုံး အလှပေါ်လွင်ဖို့ Short Dress ပုံများချုပ်ထားပါတယ်။ အပေါ်ဖက် ရင်စည်းပတ်လည် ခါးစည်းနှင့် ဒူးအထက်နား အစည်းတို့ အပေါ်မှာ .... Yellow Crystal တွေနဲ့ Sequence ထိုးထားပါတယ်..။ အလင်းအားပါဝင်မှု (Lightness) နဲ့တောက်ပမှု (Brightness) ရှိတဲ့ အ၀ါရဲ့ တန်ဖိုးမကျသွားဖို့ Sequence ကို...Lime Green မသုံးဘဲ... အ၀ါပြန်သုံးထားတာ ဖြစ်ပါတယ်။

ချုပ်လုပ်ပြီးစီးရန်ကြာချိန်
-တစ်ပတ်

အသုံးပြုထားသောပိတ်သား
-ချည်ဆွဲသား

Model-ခင်မိုးဇာ

Hair-ခင်သီတာ (Reiju Tokyo)

Make Up- သဲသဲ (Fujiko Beauty Center)
posted by YukikoKyi @ 10:10 AM   2 comments
About Me

Name: YukikoKyi
Home: Yangon, Myanmar (Burma)
About Me:
See my complete profile
Previous Post
Archives

StylishEthno-ဇာတိမျိုးနွယ်စုတို့၏ရိုးရာအထည်စ တို့ဖြင့်ခေတ်မှီသောပုံစ့ဖန်တီးရယူခြင်း

Links
Powered by

Free Blogger Templates

BLOGGER

Opinions!!