Stylish Ethno: March 2007
Stylish Ethno
Tuesday, March 27, 2007
ရခိုင်ချိတ်နဲ့အလှပြိုင်အပျိုစင်ရဲ့စတိုင်
ဒီဝတ်စုံလေးကတော့ တိုင်းရင်းသားလူမျိုးစုများထဲမှ ရခိုင်လူမျိုးများ တန်ဖိုးထား ၀တ်ဆင်လေ့ရှိသော ရခိုင်ချိတ်ကိုဘောင်းဘီချုပ်လုပ်၍ အပေါ်ပိုင်းကိုချိတ်နှင့်လိုက်ဖက်မည့်အရောင်ပါ ချည်ထည်နှင့်တွဲပြီး ပုံစံထုတ်ချုပ်လုပ်ထားသည့်ရိုးရိုး ယဉ်ယဉ် Design လေးပါ။Item-Trousers & Chinese Collar Blouse
Material-Cotton
Line-Straight Line
အသုံးပြုထားသည့် ရခိုင်ချိတ်မှာ design အနုစိတ်အနေအထားနှင့်အတတ်နိုင်ဆုံး ဖျော့သောအရောင်ကို ရွေးထားပါသည်။ စိတ်သောချိတ်အဆင်ကို ငြိမ်စေရန်အပေါ်ပိုင်းအင်္ကျီကို အညိုဖြင့်ချုပ်လိုက်သောအခါ elegant ဖြစ်စေသောအသွင်ကိုရပါသည်။ အသုံးပြုသောကြယ်သီးများမှာ အုန်းခွံကြယ်သီများဖြစ်သည်။


Labels:

posted by YukikoKyi @ 11:10 PM   1 comments
မွန်ချည်ထည်နဲ့ပင်ကိုအလှ
မွန်ရိုးရာယက်ထည်အစကို အသုံးပြုပြီးခေတ်နဲ့ လိုက်ဖက်မဲ့ပုံမျိုးချုပ်ထားတာဖြစ်ပါတယ်။
Item-Dress
Silhouette-Fit & Fair Line
Colour-Wine Color(Deep Color)
Material-မွန်ရိုးရာယက်ထည်အစ
Hair Make Up & Fashion Design- Yukiko Kyi
Photo Studio: Forever Wedding
Model-Christine Oo

Labels:

posted by YukikoKyi @ 11:05 PM   0 comments
ယောချည်ပိုးတွင်တန်ဆာဆင်
မိမိ၏ဇာတိမျိုးနွယ်အားဖြင့် သက်ဆိုင်ပြီး Fashion ကျကျ၊ ကျော့ကျော့မော့မော့လေး ၀တ်ဆင်နိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ရောက်သော 'Stylish Ethno' အမှတ်တံဆိပ် (Brand) အမည်ရှိ Clothing & Accessories များအားစာရူသူပရိတ်သတ်ရှေ့မှောက် ချပြချင်ခဲ့တာကြာပါပြီ။ 1994 မှဂျပန်နိုင်ငံမှ Dip in Fashion Design (Tokyo) ရရှိခဲ့ပြီးသည့်နောက်ပိုင်းမိမိမွေးဖွားရာဇာတိမြေရှိ တိုင်းရင်းသားလူမျိုးများ ပိုင်ဆိုင်သော ကိုယ်ပိုင်ဝတ်စုံတို့မှ Design အတွေးအခေါ်၊ ကုန်ကြမ်းများမှ တိုင်းရင်းသားလူမျိုးများ အချင်းချင်းကြားနှင့်နိုင်ငံတကာ လူ့အသိုင်းအ၀ိုင်း ချစ်မြတ်နိုးစွာ ၀တ်စားဆင်ယင် နိုင်စေလိုသောဆန္ဒတွေ၊ စာရေးသူလက်တွေ့အကောင်အထည်ဖော်နိုင်ခဲ့ပါသည်။ဝယ်ယူအသုံးပြုခဲ့သည့် ပိတ်သား -မြန်မာပိုးရောချည်ထည်
Item-Jacket, Shirt & Trousers
Hair Make Up & Design-Yukiko Kyi


Model-MoeHayKo

Labels:

posted by YukikoKyi @ 10:54 PM   1 comments
ချင်းရိုးရာဖက်ရှင်သစ်
အသုံးပြုသောပိတ်သား--cotton,corduroy/ချင်းရိုးရာအထည်
Jacket---G10grayish
ကိုအခြခံပြီးDark colorကိုလိုင်းများတွင်သုံးထားပါသည်
ချူပ်လုပ်ချိန်တစ်ပတ်ကြာမြင့်ပါသည်။

တဖြည်းဖြည်းနဲ့ခေတ်ဟာတီထွင်ဖန်
တီးမှု့တွေနဲ့ ပြည့်နှက်လာတာမို့
The age of creativityလို့တောင်သုံး
လို့ရနိုင်ပါတယ်။ဒါပေမယ့်လဲလူ့အလို
နတ်မလိုက်နိုင်ဆိုတဲ့မြန်မာဆိုရိုးစကား
လိုပါဘဲ...။ဘယ်သောအခါမှလဲနောက်
ထပ်ဖန်တီးတီထွင်ဆန်းသစ်နေစရာမလို
အောင်ပြည့်စုံသွားတယ်ဆိုတာမရှိပါဘူး
အသစ်အသစ်သောစိတ်ကူးစိတ်သန်း
တွေနဲ့အတူအသစ်အသစ်သောလိုအပ်
ချက်တွေဆန္ဒတွေကရှိနေဆဲပါ။
အခုဆို.....၂၀၀၆ခုနှစ်ကျန်ရစ်ခဲ့ပါ
ပြီ။၂၀၀၇ခုနှစ်ရဲ့အတွေးသစ်အမြင်သစ်
ဒီဇိုင်းအသစ်ကလေးတွေလဲစတင်လှုပ်ရှား
လို့နေပါပြီ။ အဲဒီထဲကမှ.... ဒီဇိုင်းတချို့ရဲ့စိတ်ကူးideaသစ် တချို့ကို မိတ်ဆက်ပေးချင်ပါတယ်။ စိတ်ကူးကတော့ ရိုးရာအ၀တ်အထည်များမှ ကဝေဆန်တဲ့အငွေ့အသက်ကိုခံစားမိတဲ့အခါ ...ဒီစိတ်ကူးအကြံကိုရရှိခဲ့ပါတယ်။ accessoryတွေကိုကိုယ်တိုင်ပြုလုပ်ထားပြီးJacketနှင့်Pantမှာပုတီးစေ့အနီလေးတွေကိုလိုက်ကပ်ထားပါတယ်။
Blouseရဲ့ကြယ်သီးတွေကိုတော့ချင်းပုတီးတွေအသုံးပြုထားတာဖြစ်ပါတယ်။




Labels: ,

posted by YukikoKyi @ 5:02 AM   0 comments
About Me

Name: YukikoKyi
Home: Yangon, Myanmar (Burma)
About Me:
See my complete profile
Previous Post
Archives

StylishEthno-ဇာတိမျိုးနွယ်စုတို့၏ရိုးရာအထည်စ တို့ဖြင့်ခေတ်မှီသောပုံစ့ဖန်တီးရယူခြင်း

Links
Powered by

Free Blogger Templates

BLOGGER

Opinions!!